28 C
Yangon

ဝက်လက်တွင် စစ်တပ်က ဖွတ်လိုင်းရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံး မီးလောင်ပြာကျ၊ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဖွတ်လိုင်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ချောင်းဆုံကျေးရွာ မှ ဝက်လက်မြို့ နယ် ရင်းမကန် ကျေးရွာသို့ အင်အား ၄၀ ခန့်ဖြင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိလာပြီး ဖွတ်လိုင်းကျေးရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ် ၄ လုံးပြာကျပြီး ပြည်သူ ၁ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ချောင်းဆုံကျေးရွာကို ရောက်ရှိစဥ်၌ ရွှေဘိုခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁ မှ ခြုံခိုတိုက်ခိုက် ရန် ပြင်ဆင်နေစဥ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဘက်မှ တက်လာသော Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြို့နယ် ပေါက်တုံကျေးရွာနှင့် ဝက်လက်မြို့နယ် ရင်းမကန် ကျေးရွာ ၊ ဖွတ်လိုင်းကျေး ရွာတို့ကို ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းသည်။

ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ချောင်းဆုံကျေးရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘို ဘက်သို့ အိမ်စီးကား ၂ စီးဖြင့် အပြန်တွင် ချောင်းဆုံနှင့် ပေါက်တုံ ကျေးရွာ အကြား ရွှေဘိုခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁ မှ မိုင်းတပ်စိတ်နှင့် ဒေသခံ ကာကွယ်ရေး ပကဖ များ ပူးပေါင်းကာ ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီး လုံး ထိမှန်ခဲ့သော်လည်း စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင် သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article