ရန်ကုန်၊ စက်တင်ဘာ ၁၀
ရန်ကုန်တွင် စစ်အာဏာရှင်တော်လှန်ရေး ပြည်သူအားလုံး သွေးမအေးပဲ အဆုံးထိပါဝင်ပေးကြရန် နှိုးဆော် ပိုစတာကို တက်ကြွလှုပ်ရှားသူ လူငယ်များက ယနေ့ ချိတ်ဆွဲကြသည်။
လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တစ်နေရာတွင် ‘ကျွန်တော်တို့ ပြည်သူတွေ သွေးမအေးဘဲ တော်လှန်ရေးကို အဆုံးထိပါဝင်ပေးကြပါ” ဆိုသော ပိုစတာကို ချိတ်ဆွဲခြင်းဖြစ်ကြောင်း တော်လှန်ရေးလူငယ်များက ပြောဆိုသည်။