ရန်ကုန်၊ စက်တင်ဘာ ၁၀
မြင်းမူမြို့နယ် လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ အရာတော်မြို့နယ် လူထု သပိတ် ဦးဆောင်ကော်မတီမှ ပူးပေါင်းပါဝင်ပြီး ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် “အညာသွေးဟေ့ ရဲရဲနီ” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။