32 C
Yangon

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝန်းရံသည့် Online Photo Campaign ပြုလုပ်မည်

Must read

ရန်ကုန် ၊ စက်တင်ဘာ ၁၀

စက်တင်ဘာလတွင် ကျင်းပမည့် UN Credentials တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နိုင်စေရန်အတွက် ပြည်တွင်း ပြည်ပရှိ ပြည်သူများ ပူးပေါင်းပါဝင်နိုင်မည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်သည့် “Online Photo Campaign” ကို စက်တင်ဘာ ၁၀ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း Global Myanmar Spring Revolution-ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ “Online Photo Campaign တွင် ပူးပေါင်းပါဝင်လိုသူများ အင်္ကျီနောက်ကျောတွင် (သို့) နောက်ကျောပေးထားသည့် ပုံများဖြင့် “Myanmar For U Kyaw Moe Tun” , “U Kyaw Moe Tun For Myanmar” စာသားနှင့် အတူ လက်သုံးချောင်းထောင် သင်္ကေတဖြင့် ဓာတ်ပုံရိုက်ကူးရမည်ဖြစ်ပြီး အဆိုပါ ဓာတ်ပုံကို မိမိတို့၏ Social Media များဖြစ်သည့် Facebook , Twitter, Instagram များတွင် တင်ခြင်း၊ Global Myanmar Spring Revolution – ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ၏ Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/GMSR22222 တို့သို့ ဓာတ်ပုံပေးပို့ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ကိုယ်ပိုင် Social Media ပေါ်တွင် တင်မည်ဆိုပါက #UKYAWMOETUN4MYANMAR နှင့် #MYANMAR4UKYAWMOETUN စသည့် Hashtags များ အသုံးပြု၍ “Online Photo Campaign” တွင်ပါဝင်ကြရန် နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article