ရန်ကုန်၊ စက်တင်ဘာ ၁၁
‘NUG သာလျှင် ပြည်သူ့အစိုးရ၊ ဦးကျော်မိုးထွန်းသည် ပြည်သူတွေရဲ့ UN သံအမတ်’ ဖြစ်သည်ဟု ကြွေးကြော်ကာ မန္တလေးသပိတ်အင်အာစုကစက်တင်ဘာလ ၁၁ ရက် ယနေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြကြသည်။
သံဃသမဂ္ဂမှ ဆရာတော်များနှင့် ပြည်သူအချို့ ပူးပေါင်းကာ ကြွေးကြော်ဆန္ဒပြခြင်းဖြစ်ပြီး UN တွင် ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်စားပြုမှု ဆက်လက်ရရှိရေး ပြည်သူများ ဝိုင်းဝန်းပါဝင်ပေးကြဖို့ တိုက်တွန်းခဲ့ကြသည်။