By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရှမ်းပြည်နယ်-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ ဖြစ်ပွားတဲ့ စက်တင် ဘာ လ ၁၁ ရက်နေ့ ၄ ရက်မြောက်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၂၀ ဦးကျော်သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ – ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း ဗျူဟာကာကင်း ဂုပ္ပိတောင်ကျော်လမ်းမှာ AAနဲ့ စစ်ကောင် စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံးကာ ၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ – မန္တလေးတိုင်း၊ မြင်းခြံမှာ ဆိုင်ကယ်စီးပြန်လာတဲ့ ဗိုလ်ကြီး အောင်ကိုကိုနှင့် တပ်သား ၁ ဦးကို ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်ဆီက သိရပါတယ်။ -ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် မော်ချီးဆက်သွယ်ထားတဲ့ ကားလမ်းမကြီးကို တစ်ပတ်ကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်သာ လမ်းဖွင့်မည်ဖြစ်ပြီး ပြည်သူတွေလိုက်နာရမယ့် စည်းကမ်းချက် ၇ ချက်ကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။