ရန်ကုန်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာတွင် ‘NUG အစိုးရ တို့အစိုးရ’ ဟု ကြွေးကြော်ပြီး အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စက်တင်ဘာလ ၁၂ ရက် ယနေ့ ချီတက်ဆန္ဒပြကြသည်။
‘NUGအစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ် သည် ဦးကျော်မိုးထွန်း၊ ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်၊ အောင်နိုင်စိတ်ထား ခင်ဦးသား၊ သမိုင်းထူမယ့် ခင်ဦးသူ ‘စသည်တို့ ကြွေးကြော်ကာ ချီတက်ခဲ့ကြသည်။