23 C
Yangon

မန္တလေးတွင် စစ်တပ် ဖမ်းဆီးထားသော နန်းတွင်းစစ်ကြောရေးမှ လူငယ် ၄ ဦးကို သွေးသောက်အဖွဲ့က ခေါ်ဆောင်သတ်ဖြတ် အလောင်းစွန့်ပစ်၊ မုံရွာတွင် Mytel ရုံး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်၍ အမျိုးသမီး ၁ ဦး ကျည်ထိသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မန္တလေးမြို့တွင် စစ်တပ်လက်အောက်ခံ သွေးသောက်အဖွဲ့က နန်းတွင်းစစ် ကြောရေးတွင် စစ်တပ်၏ ဖမ်းဆီးမှုခံထားရသော လူငယ် ၄ ဦးကို ခေါ်ဆောင် လည်ပင်းလှီးသတ်ဖြတ် အလောင်းစွန့်ပစ်ကာ သွေးသောက်တံဆိပ် လည်ဆွဲများ အလောင်းများတွင် ဆွဲထားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်လက်အောက်ခံ သွေး သောက် အဖွဲ့က သတ်ဖြတ်သွားသော သေ ဆုံးသူ ၃ ဦးကို တံတားဖြူ ရေကာ တာအနီးတွင် တွေ့ရှိရပြီး ကျန်တစ်ဦးကို စစ်ကိုင်း မန္တလေးလမ်းပေါ်တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း၊ သေဆုံးသူများကို မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ပရဟိတ အဖွဲ့များထံမှ သိရှိရသည်။

ယခုနောက်ဆုံး အသတ်ခံရသူ လူငယ် ၄ ဦးသည် နန်းတွင်း စစ်ကြောရေးတွင် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သော လူငယ်များဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ထပ်မံ အတည်ပြုပြီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးပေ။

မန္တလေးတွင် သွေးသောက်အဖွဲ့က ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မန္တလေးမြို့ပေါ် ၊ ၄၀- ၄၁ကြား၊၈၆လမ်း အမှတ် ၈ အခြေခံပညာအထက် တန်းကျောင်းခွဲရှေ့တွင် လူငယ်တစ်ဦးကို သတ်ဖြတ်ကာ အလောင်းကို တံဆိပ်ကပ် ပစ်သွားခဲ့သေးကြောင်း၊ ဧပြီ ၂၄ ရက်နေ့ကလည်း NLD ပါတီဝင် ဦးခင်မောင်သိန်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ၁၉ လမ်း၊ ၂၂ လမ်းအကြား စံပယ်တိုက် ခန်း တန်ဖိုးနည်းအိမ်ရာတွင် အမျိုးသားတစ်ဦးကို PDF ထောက်ပို့ လုပ်ကိုင်သည်ဟုဆိုကာ သတ်ဖြတ်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် ကျောက္ကာလမ်းမကြီး မြဝတီရပ်ကွက်ရှိတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက အကြမ်း စစ်တပ်ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံး ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မြဝတီရပ်ကွက်ရှိ Mytel ရုံးအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်း ဖက် စစ်တပ်က Mytel ရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ပြည်သူပိုင် နေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိ အိပ်နေသည့် အမျိုးသမီး ၂ ဦးကို ကျည်ထိမှန်ကာ ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

” မနေ့ညက မုံရွာမြို့ မြဝတီ ရပ်ကွက် ကျောက်က္ကာလမ်း Mytel ရုံး အနီးမှာ ဗုံးပေါက်တယ်။ Mytel ရုံး မျက်နှာချင်းဆိုင်က အိမ်တွေထဲကို စစ်ခွေးတွေက ပစ်တာ အိပ်နေသော အမျိုးသမီး နှစ်ဦးကို ကျည်ထိမှန်တယ်။ တစ်ဦး သေဆုံးသွားတယ်။ သေဆုံးသူ အမျိုးသမီးက နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပတ်စပို့စ် လာလုပ်တာ ဒီပဲယင်းမှာနေတာ ပေါင်နဲ့ ဆီးခုံကို ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ မဘသ သွေးသောက်အဖွဲ့က လူငယ်များကို သတ်ဖြတ်ပြီး အလောင်းများတွင် သွေးသောက်တံဆိပ်များ ဆွဲထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article