ရန်ကုန်၊ စက်တင်ဘာ ၁၂
စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် “လူယုတ်တွေကို အခွင့်ရေးပေးခြင်းသည် တိုင်းပြည်နဲ့လူမျိုးစုတွေကို ဖျက်ဆီးခွင့်ပေးတာနဲ့ အတူတူပဲ။ အခွင့်ရေးလုံးဝမပေးနဲ့ အဆုံးထိတော်လှန်ကြ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။