ရန်ကုန်၊ စက်တင်ဘာ ၁၃
အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့ကြသော ပြည်သူ့စစ်သားများ၏ သားသမီးများ KNU စီစဉ်ပေးမှုဖြင့် ကျောင်းစတက်နေပြီဖြစ်ကြောင်း သိရှိရသည်။
CDM ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်သားများထဲမှ မိသားစုနှင့် ပြန်လည်ပေါင်း စည်းနိုင်ပြီဖြစ်သည့် CDM တပ်ကြပ် သန်းနိုင်ဦး၊ CDM တပ်သား ဟိန်းစိုး၏ သားသမီးဖြစ်သည့် မောင်ဘုန်းပြည့်လျှံ(Grade – 5) ၊ မချစ်သွန်းအိမ် (Grade-2) ၊ မောင်အံ့ဘုန်းခန့်(KG) တို့ ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျောင်းစတက်နေပြီဖြစ်ကြောင်း ပြည်သူ့စစ်သား ဇနီးများ စာမျက်နှာတွင် ဖော်ပြထားသည်။
CDM ပြည်သူ့ စစ်သားမိသားစုများ၏ သားသမီး ပညာဆက်လက်သင်ကြားနိုင်ရန် KNU က စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်သားဇနီးများ အဖွဲ့မှ ကလေးများအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်များ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိရသည်။