ရန်ကုန်၊ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး ကားလမ်းတစ်နေရာတွင် စက်တင်ဘာလ ၆ ရက်နေ့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ ၂၆၅ တပ်ကို PDF နှင့် ကော်သူလေးတပ်မတော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဝင်းအောင် အပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။
မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အပါဝင် ၁၂ ဦး သေဆုံးကာ အများအပြားဒဏ်ရရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်)တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
တပ်ဘက်နှင့်နီးစပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါတိုက်ပွဲတွင်
၁-ဗိုလ်မှူးနိုင်ဝင်းအောင်
၂-တပ်ကြပ်တင်ဝင်း
၃-ဒုတပ်ကြပ်စိုင်းကော့မှူး
၄-ဒုတပ်ကြပ် ဇော်ဝင်းထွန်း
၅-ဒုတပ်ကြပ်ရဲကျော်သူ
၆-ဒုတပ်ကြပ်ကျော်ဇေယျ
၇-ဒုတပ်ကြပ်ခင်လှိုင် တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲ အတွင်း ၄၀ မမ ဗုံးပစ် လောင်ချာအပါအဝင် MA 3 လေးလက်၊ ၄၀ မမ ဗုံးသီး (၁၁)လုံး၊ ကျည်ဘောက်ရှစ်ခု၊ ပစ္စတိုတစ်လက်၊ ၆၀ မမဗုံးသီးတစ် လုံး၊ ရှေ့ထွက်မိုင်း(လိပ်ခုံး)တစ်လုံး၊ ဆက်သွယ်ရေးစက်တစ်လုံးအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေး တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ရှမ်းပြည်နယ်အတွင်းတွင် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သော အ ကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အစုလိုက်အပြုံလိုက် အသုဘ မသာ ချမြင်ကွင်းတစ်ခု။ (ပုံအဟောင်းဖြစ်သည်)
