25 C
Yangon

မူဆယ်၊ ကားကြီးဝင်းအတွင်းရှိ KBZ ဘဏ်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ လက် အောက် ခံ ပြည်သူ့စစ် ၂ ဦးသေဆုံးကာ ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ သိန်းသန်းချီကားကြီး ဝင်းအတွင်းရှိ KBZ ဘဏ်ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ် ၂ ဦး သေ ဆုံးကာ ပြည်သူ ၁ ဦးလည်း သေဆုံး ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၃ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ် ပွားခြင်းဖြစ်ပြီး သေနတ်သမား ၄ ဦးက လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ဘဏ်ဓားပြတိုက်ခြင်းမဟုတ်ဘဲ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ အစောင့် ပြည်သူ့စစ် ၂ဦးနှင် ပြည်သူ ၁ ဦး သေဆုံးပြီး ဘဏ်အနီးရှိ လူ ၁ ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဒီနေ့ ၁ နာရီ ၃၃ မိနစ် အချိန် မူဆယ်သိန်းသန်းချီကားကြီးကွင်းထဲက KBZ ဘဏ်ရှေ့မှာ ပစ်ခံရတယ်။ (စစ်ကောင်စီလက်အောက်ခံ) ပြည်သူ့စစ် အစောင့်၂ ယောက် သေတယ်။ KBZ ဘဏ်ထဲရှိနေတဲ့ လူ ၁ ဦးသေတယ်။ စုစုပေါင်း ၃ ဦးသေတယ်။ ပြည်သူ့စစ်တွေက ခေါင်းတွေကြီးပဲပစ်ခံရတယ်။ ဘဏ်ဘေးမှာ ရှိတဲ့ ကွမ်းဆိုင်က လူတစ်ယောက်ကို သေ နတ်သမား ၄ယောက်က သူတို့မျက် နှာ မြင်သွားလို့ လိုက်ပစ်တယ်ပြောတယ်။ ထိတယ်။ ပစ်တဲ့လူတွေက PDF တော့မဟုတ်လောက်ဘူး။ အငြိုးနဲ့ လာပစ်တာ။ ဓားပြတိုက်တာမျိုးမဟုတ်ဘူး။ အစောင့် ပြည်သူ့စစ်တွေကို လာပစ်တာ။ ရန်​ငြိုးကြောင့်ထင်တယ်” ဟု KBZ ဘဏ်ဘေးအနီးတွင် ရှိနေသူ မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကားကြီးကွင်းကို ရဲနှင့်စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည် သူ့စစ်များက လာရောက် စစ် ဆေးလျက်ရှိပြီး လုံခြုံရေး ထူထပ်စွာ ချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ပစ်ခတ်မှုတွင် သေဆုံးသွားသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး၏ရုပ်အလောင်းကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article