ရန်ကုန်၊ စက်တင်ဘာ ၁၃
ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ်၏ ဈာပန အခမ်းအနားသို့ အကြမ်းဖက် မြန်မာစစ်ကောင်စီ၊ ရုရှားနှင့် ဘယ်လာရုစ် ၃ နိုင်ငံကို မဖိတ်ကြားဘဲ ချန်ရစ်ထားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ရုရှားသမ္မတ ပူတင်ကို အမည်ပျက်စာရင်း သွင်းထားပြီး မဖိတ်ကြားသည့်အပြင် မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့ကို လည်း မဖိတ်ကြားပေ။ အီရန်နိုင်ငံကိုမူ သံတမန်အဆင့်သာ တက်ရောက်ရန် ဖိတ်ကြားကြောင်း သိရှိရသည်။
ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ်၏ ဈာပနကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံခေါင်းဆောင်များအားလုံး စုံညီစွာ ဈာပန တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဗြိတိန်ဘုရင်မကြီး၏ ရုပ်ကလာပ် ဈာပန ပြင်ဆင်မှုနှင့် ဗြိတိန်ဘုရင် ချားလ်စ် III ။
Photo- Agency။