35 C
Yangon

ရန်ကုန် စမ်းချောင်း ရပ်ကွက်ရုံး၊ မြောက်ဥက္ကလာ၊ သာကေတ၊ ကြည့်မြင်တိုင်တို့တွင် ဗုံးကွဲမှုများဖြစ်ပွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့ နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့တွင် ယနေ့ ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် ကျွန်းတောတောင်ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ လူထိခိုက်မှုမရှိသော်လည်း ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဗုံးပေါက်တာက ရပ်ကွက်ရုံးနားမှာ ပေါက်တာ။ အသံအရမ်းကိုကျယ်တာ။ ခဏနေတော့ ခွေးတွေ အရပ်ဝတ်တွေနဲ့ ရောက်လာကြတယ်။ ပြီးတော့ DC ကား နှစ်စီးနဲ့ လမ်းတွေ လိုက်ပတ်နေတယ်။ စမ်းချောင်းမှာ ဗုံး မပေါက်တာ နည်းနည်းကြာသွားပြီ။ အခု ဗုံးသံပြန်ကြားရတော့ ရင်တောင် ခုန်တယ်” ဟု စမ်းချောင်း ရွှေလဝင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်း မြောက်ဥက္ကလာ အ၀ိုင်း၊ ခေမာသီလမ်း၊ မီတာရုံးနှင့် ယာဉ်ထိန်းရုံး အနီးတွင် ယနေ့ နံနက်ပိုင်း တွေ့ရှိရသဖြင့် စစ်တပ်က လမ်း ပိတ်ဆို့ ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာအဝိုင်း ခေမာသီလမ်းနားမှာ ယာဉ်ထိန်းရုံးနားမှာ ဗုံးတွေ့လို့ဆိုပြီး စစ်တပ်က လမ်းပိတ်တယ်။ မီတာရုံးနဲ့လည်း နီးတယ်။ ဒီနေ့ နံနက် ၉နာရီခွဲလောက်ကဗုံးတွေ့တယ်။ အတော်ကြာလမ်းတွေပိတ်ထားတယ်။ မနက် ၁၀ နာရီ ၅၀ ကျတော့ ဗုံးကို ခွဲလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ကြည့်မြင်တိုင်မြို့နယ်တွင်လည်း ယနေ့ နံနက် ၁၁ ခွဲအချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ ယနေ့ နံနက် ၁၁ နာရီဝန်းကျင် သာကေတမြိုနယ်၊ ရှုခင်း သာရပ်ကွက်၊ ရှုခင်းသာမြိုပတ်လမ်း EMERAL BAY ဝင်းခြံစည်းရိုးအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် မတ်လ စမ်းချောင်းကို ဝင်စီးခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article