22 C
Yangon

မင်းအောင်လှိုင်၏ လက်ကိုင်တုတ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အရှေ့ တောင် အာရှသတင်းမီဒီယာကောင်စီများ ကွန်ရက်မှ ထုတ်ပယ်၊ ဝန်ကြီးဟောင်းသား အေးချမ်းနှင့် စစ်တပ်၏ ဝါဒဖြန့် မှုကို တီမောမီဒီယာကောင်စီက ကန့်ကွက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင် ဖွဲ့စည်းထားသော စစ်ကောင်စီ၏ လက်ကိုင် တုတ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အရှေ့ တောင်အာရှ သတင်းမီဒီယာကောင်စီကွန်ရက် (Southeast Asian Press Council Network-SEAPC-Net) မှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

တီမောနိုင်ငံတွင် ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော “The Dili Dialogue Forum under the title of Media Challenges” မီဒီယာဖိုရမ်တွင် ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား ဖြစ်သူ အေးချမ်းက စစ်အာဏာသိမ်းမှုကို တရားဝင်ကြောင်း ဝါဒဖြန့်ပြောဆိုခဲ့မှု၊ အဆိုပါ ဝါဒဖြန့် ပြောဆိုမှုကို မေးခွန်းထုတ်သော စကား၀ိုင်းများတွင် ပါဝင် မဖြေဆိုဘဲ အေးချမ်းက ထွက်ပြေးတိမ်းရှောင်ခဲ့မှု ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာနှင့်သတင်းဌာနများတွင် တီမောမီဒီယာဖိုရမ်အကြောင်း ဩဂုတ်လ ၂၉ ရက်နေ့ သတင်းရေးသားဖော်ပြရာတွင် မီဒီယာ ဖိုရိမ်ကို ထင်သလို ပုံဖော်သတင်းရေးသားဖော်ပြမှုများကြောင့် စစ်ကောင်စီက ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီကွန်ရက် (Southeast Asian Press Council Network-SEAPC-Net)က လက်ခံတော့မည်မဟုတ်ကြောင်း တီမောနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ Virgilio Silva GUTERRES က စစ်ကောင်စီလက်ကိုင်တုတ် မြန်မာသတင်းမီဒီယာကောင်စီဝင် အေးချမ်းထံ ပေးပို့သော စာတွင် ရေးသားထားသည်။

နိုင်ငံတကာတွင် သတင်းမီဒီယာအမည်ခံ၍ စစ်အာဏာသိမ်းမှုကို တရား ဝင်သည်ဟု နိုင်ငံရေး ဝါဒဖြန့်နေသည့် စစ်ကောင် စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) နှင့် အဖွဲ့ဝင် အေးချမ်းကို ကန့်ကွက်ရှုတ်ချဟု လွတ်လပ်သော သတင်းမီဒီယာများနှင့်အဖွဲ့ ၃၃ ခုက ကြေညာချက် စက်တင်ဘာလ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်တွင် ဥပဒေအရ၊ ရွေးကောက် ပွဲအရ ဖွဲ့စည်းထားသော လွတ်လပ်သော မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီမှ အဖွဲ့ဝင် အားလုံးနီးပါး နုတ်ထွက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်က ၎င်းစိတ်ကြိုက် လူများဖြင့် သတင်းမီဒီယာကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article