ရန်ကုန်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့်ဆားလင်းကြီးမှ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင် ချေမှုန်းရေးနှင့် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက သံအမတ်ကြီး ဆက်ထားရေး စုပေါင်း ဆန္ဒပြကြသည်။
“Accept NUG and Our Ambassador, Reject Dictator”စာသား နှင့် “UN, Prove your existence for justice” စာသားများ တို့ကို ကိုင်စွဲကာ ကမ္ဘာ့ကုလသမ္မဂနေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ် ပြန်လည်ခန့်အပ်ရန် ရွှေနွယ်သွေး လူထုက တောင်းဆိုဆန္ဒပြကြသည်။