ရန်ကုန်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ ယနေ့ အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင် စီ တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရရှိကြောင်း ပုလဲမြို့နယ်အခြေစိုက် ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာက ပြောဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ ၊ပုလဲမြို့မှ ထွက်ခွာ လာသော အင်အား ၁၈၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့နယ် ရွေလောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ညနေ ၅ နာရီအချိန်ခန့် ရွှေလောင်းကျေးရွာ အနောက်ဘက် ဒေသအခေါ် မြသီတာဘုရားဘက်မှ မွေ့တုံကျေးရွာဖက်သို့ ထွက်အလာ PDF တပ်ပေါင်းစုက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းသည် သေဆုံးမှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထို့နောက် ၁၃.၉.၂၀၂၂ရက်နေ့ နံနက် ဝေလီဝေလင်းအချိန် ရွှေလောင်းကျေးရွာမှ ထွက်လာပြီး မွေ့တုံကျေးရွာနှင့်မင်းရွာကျေးရွာကြားအတိုင်း မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ရန် ကြိုးစားသော စစ်ကောင်စီစစ်ကြောင်းသည် မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့လာပြီး မိုင်းထိမှန်ကြောင်း၊ ထိခိုက်မှုများသည့်အတွက် စစ်တပ်က ပြည်သူ့နေအိမ် ၁၂၇ လုံးကိုမီးရှိူ့ ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄နာရီ အချိန်တွင် ရွာသူရွာသားများနေအိမ်ကိုမီးရှို့ နေသော စစ်ကောင်စီတပ် သားများကို PDF တပ်ပေါင်းစုက အနီးကပ် ပစ်ခတ်တိုက်ခိုက်ကြကြောင်း၊ တို က်ပွဲ များ တွင် သေဆုံးသွားသော စစ်ကောင်စီတပ်သား များနှင့် ဒ ဏ် ရာ ရရှိသွားသော စစ်သားများကို တချို့ ရွှေလောင်းရွာဖက်မှတဆင့်ပြန်ပို့ကာ တချို့ လူနာများကို မွေ့တုံရွာ ဘုန်းကြီးကျောင်းထဲတွင် ဆေးကုသပေးခဲ့ကြပြီး ညအိပ်သွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် မွေ့တုံ ကျေးရွာမှ ထိုစစ်ကြောင်းသည် ယမားချောင်းကိုကူးကာ ယခုအချိန်ထိ မြိုင်မြို့နယ်ဘုန်းကြီးကန်ကျေးရွာ အနောက်တောင်ဖက် ဆည်တောရွာအနီးတွင်တပ်ဖြန့်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေး ၅ ကောင်သေပါတယ်။ ၃၀ ဝန်းကျင်လောက်ဒဏ်ရာရပါတယ်။ ၃ ရက်တာတိုက်ပွဲအတွင်းမှာပါ” ဟု ပုလဲ ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီစစ်ကြောင်းကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနက်နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့၊ ဗမာ့ဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊ M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် Localတပ်ဖွဲ့များ၊ ပုလဲတပ်ရင်း ၁ ၊ ၂ ၊၆ တို့က ပူးပေါင်းတိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- သေဆုံးသွားသော စစ်ကောင်စီတပ်သားကို မီးသဂြိုလ်ခဲ့သည့် အကြွင်း အကျန်များ။