30 C
Yangon

ကိုကိုးကျွန်းတွင် ရဲတပ်သား ထွန်းထွန်းနိုင် လင်မယားကို ထွေ/အုပ်ဝန်ထမ်းက ထော်လာဂျီဖြင့်ဝင်တိုက်၊ မိန်းမဖြစ်သူ သေဆုံးပြီး ရဲတပ်သားထွန်းထွန်းနိုင် သွားကျိုး၊ ပေါင်ကျိုး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းတွင် ရဲတပ်သား ထွန်းထွန်းနိုင်နှင့် မိန်းမဖြစ်သူတို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ဦးကျော်ကျော်ဝင်း မောင်းနှင်လာသော ထော်လာဂျီဖြင့် ဝင်တိုက်ရာ ရဲတပ်သား၏ မိန်းမ မအိသဇင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကိုကိုးကျွန်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် ကိုကိုးကျွန်းတွင် ရဲတပ်သားထွန်းထွန်းနိုင်နှင့် မိန်းမ ဖြစ်သူတို့လိုက်ပါ မောင်းနှင်လာသည့် ဆိုင်ကယ်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်ကျော်ဝင်း မောင်းလာသည့် ထွေလာဂျီနှင့် တိုက်မိကြောင်း၊ ရဲ တပ်သား ထွန်းထွန်းနိုင်တွင် သွားများ ကျိုး၊ ဝဲပေါင် ရိုးကျိုး၊ ယာလက်ခုံ ဖူးရောင်ဒဏ်ရာရရှိကြောင်း၊ ဆိုင်ကယ်နောက်တွင်ပါလာသည့် ရဲတပ်သား၏ ဇနီးဖြစ်သူ မအိသဇင်တွင် ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကိုးကိုးကျွန်းမြို့နယ်မှာ တာဝန်ကျလို့ပြောင်းလာတဲ့ ရဲလင်မယားနှစ်ယောက်ကို ထွေအုပ်ဝန်ထမ်းက ထွေလာဂျီကားနဲ့တိုက်မိတာ။ ရဲလင်မယားစီးလာတဲ့ဆိုင်ကယ်မှောက်ပြီး မိန်းမကပွဲချင်းပြီးဆုံးသွားပါတယ်။ ထွေ/အုပ်ဝန်ထမ်းကို အခင်းဖြစ်ပြီး မကြာခင် ကိုးကိုးကျွန်းမြို့မရဲစခန်းမှာ အမှုဖွင့်တယ်။ ထွေ/အုပ်ဝန်ထမ်းက ရန်ကုန်တိုင်း၊ဆိပ်ကြီးခနောင်တို့မြို့နယ်ကပါ။ အခုက ခွင့် ခဏတင်ပြီး သူ့သားလေးကိုလာပြန်ခေါ်ရင်း အခုလိုဖြစ်တာ” ဟု ကိုကိုးကျွန်းရဲစခန်းထံမှ သိရှိရသည်။

ရဲတပ်သား ထွန်းထွန်းနိုင် မိန်းမဖြစ်သူ၏ နာရေးကို ကိုကိုးကျွန်းတွင် သဂြိုလ်ပြီး ကိုကိုးကျွန်းတွင် ထိုကဲ့သို့ ဆိုင်ကယ် တိုက် သေဆုံးမှုမှာ ရှားပါးသည်ဟု ဒေသခံများက ဆိုကြသည်။

“ကိုကိုးကျွန်းဆိုတာကလည်း ကျဉ်းကျဉ်းလေး ဒီလောက်ကြီး လူသေလောက်အောင်လည်း မဖြစ်ဘူး။ နည်းနည်းပါး မှောက်တာ ပြုတာပဲရှိတယ်။ ဖြစ်တာကလည်း ထွေ/အုပ်နဲ့ရဲ ။ ထူးဆန်းတယ်။ ဒီကောင်တွေကံနိမ့်နေတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရဲလင်းမယား၏ ဆိုင်ကယ်ကို ထော်လာဂျီဖြင့် တိုက်မိသူ ထွေ/အုပ်ဝန်ထမ်း ဦးကျော်ကျော်ဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article