ရန်ကုန်၊ စက်တင်ဘာ ၁၅
မကွေးတိုင်း ထီးလင်းမြို့နယ်တွင် ဒေသခံ ပြည်သူ ၂ ထောင်ကျော်ပါဝင်သည့် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအငံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပြည်သူများ ဦးဆောင်သည့် သပိတ် စစ်ကြောင်း လုံခြုံရေးအတွက် ထီးလင်းမြို့နယ် ပ.အ.ဖ မှ ဦးဆောင်ပြီး ထီးလင်းမြို့နယ် ပကဖ၊ ပလဖ၊ PDF Htilin တို့က လိုက်ပါဝန်းရံပေးခဲ့ကြောင်း သိရသည်။