34 C
Yangon

မြောက်ဒဂုံ ၃၉ ရပ်ကွက်ရုံးကို အဝေးထိန်းဗုံးဖြင့် ဗုံးခွဲတိုက်ခိုက်၊ တောင်ဒဂုံ၊ လှိုင်သာယာနှင့် မရမ်းကုန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၉ ရပ်ကွက်ရုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ညပိုင်းအချိန်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Special Nway Oo မြို့ပြပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၉ ရပ် ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေ အနေကို မသိရဘဲ ပျောက်ကျားတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲသံတော့ကြားတယ်။ ည ၁၀ နာရီလောက်ဆို လမ်းပေါ်မှာ လူသွားလူလာ နည်းနေပြီ။ စစ်ခွေးတွေနဲ့ ကင်းပုန်းတွေပဲ လမ်းပေါ်မှာများတော့ အပြင်လည်းထွက်မကြည့်ဖြစ်ဘူး။ ဗုံးကွဲသံကတော့ အတော်ကျယ်တယ်” ဟု မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ည ၁၀ နာရီ ၅ မိနစ်အချိန်၊ လှိုင်သာယာမြို့နယ်တွင် ယနေ့ ည ၉ နာရီအချိန် ၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ ည ၈ နာရီခွဲအချိန်တို့တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ပိတ်ဆို့စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article