30 C
Yangon

ကမာရွတ် နာနတ်တော စည်ပင်ရဲဝင်းတွင် ဗုံးပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရ၊ သာကေတတွင် စစ်သား ပေါ်တော် ပစ်သတ်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကမာရွတ်မြို့နယ်၊ နာနတ်တော စည်ပင်ရဲဝင်းအတွင်းတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး စည်ပင်ရဲအတွင်းမှ လူတချို့ ထိခိုဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ မပေါက်ကွဲသေးသော ဗုံးတစ်လုံး ထပ်မံတွေ့ရှိရ၍ လမ်းပိတ်၍ စစ်တပ်က ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

“စည်ပင်ရဲဝင်းအ၀နားမှာ စည်ပင်က သက်သာ စျေးရောင်းပေးနေတဲ့ကားနားမှာပေါက်တာ။ စျေးဝယ်တဲ့ စည်ပင်ရဲဝင်းထဲက မိသားစုဝင်တချို့ ထိခိုက်တယ်။ သေဆုံးမှုမရှိဘူး” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် သာကေတမြို့နယ်တွင်လည်း ယနေ့ နံနက် ၁၀ နာရီ ၅၀ အချိန်တွင် စစ်သား ပေါ်တော်ဆိုသူ ပစ်သတ်ခံလိုက်ရပြီး ၎င်း၏ ညီဖြစ်သူ ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သာကေတ မြို့နယ် ၂ ရပ်ကွက် ဇောတရုံ ၂ အမက ၃ ရှေ့တွင် စစ်သား ပေါ်တော်ကို သေနတ်နဲ့ ပစ်သွားပါတယ်။ စစ်သား ပေါ်တော်က သေသွားပါတယ်။ သူ့ကို စစ်သားပေါ်တော်ပဲသိတာ။ နာမည်ရင်း မသိဘူး။ ၆ ချက်ပစ်သံကြားရပြီး လူတွေက ပစ်ခံလိုက်ရပြီအော်လို့ သိတာပါ။ သူက နယ်ထိန်းရဲတွေနဲ့ပေါင်းနေတာ။ အခု သာကေတ အမှတ် ၁ ရဲစခန်းမှာ အလုပ်လုပ်နေတာ။ စစ်သား ပေါ်တော်က ဦးနှောက်ပါ ပွင့်သွားတယ်။ အခု အမက ၃ ရှေ့မှာ စစ်သားတွေ အများကြီးရောက်နေပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article