By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အိမ်မဲမြို့မှာ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မင်း နဲ့ ရဲတပ်ဖွဲ့တို့ ပေါင်းပြီးဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေဟာ စည်ကားနေပြီး ကစားသူတွေကို ရဲစခန်းက ထမင်းကျွေးတယ်ဆိုပါတယ်။ -မိုးဗြဲမြို့၊ ပွဲကုန်း ၂ ရပ်ကွက် အနီးမှာရှိတဲ့ မွေတော်ဘုရားအတွင်းကို ဒီကနေ့ စက်တင်ဘာလ ၁၆ ရက် နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက် ပေါက် ကွဲပြီး စစ်ရှောင်ပြည်သူ ကလေး ၂ ဦး နဲ့ လူကြီး ၂ ဦး သေဆုံးသွားသလို ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ – ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး မင်းသူ ဆိုသူဟာ ယင်းမာပင်မြို့ နယ် တပ်ရင်း (၃) အမိမြေစစ်ကြောင်းဆီကို သေနတ် ၁ လက်နဲ့ CDM လာရောက် ပြုလုပ်ခဲ့တဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။