33.1 C
Yangon

အရာတော်၊ ငွေတွင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း အရာတော်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ငွေတွင်းရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို စစ်ဒေသ(၁)၊ မုံရွာခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် တော်လှန်ရေး တပ်ပေါင်းစုများမှ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး အဆိုပါ အခြေစိုက် စခန်းနေရာကို သိမ်းယူ မီးရှို့နိုင်ခဲ့ပြီး လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံး၊ ပါဝါဘန့်ခ် ၁ လုံး၊ စစ်လွယ်အိတ် ၁ လုံး နှင့် လောက်လေးခွ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို မုံရွာခရိုင် ကွပ်ကဲရေးရုံး တပ်ဖွဲ့ဝင်များ၊ မုံရွာခရိုင် PDF တပ်ရင်း(၆) ရဲဘော်များ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း(၇) ရဲဘော်များ၊ M.R.T.F တပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force တပ်ဖွဲ့နှင့် A.B.N.P.D.F တပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article