ရန်ကုန်၊ စက်တင်ဘာ ၁၆
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပြည်သူကို အနိုင်ကျင့်နေသော ဝက်ပုတ်ကျေးရွာမှ စစ်သားနှင့်ပျူစောထီး ၈ ဦးကို PDF များက တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၆ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၁ လက်နှင့် ကျည်များ သိမ်းဆည်းရမိကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့နေ့လည်ပိုင်းတွင် မိတ္ထီလာ၊ ရွာတန်းရှည် ၊ ဆယ်ပြားကျေးရွာတို့မှ ပြည်သူများကို အနိုင်ကျင့်ပြီး ပြန်လာသော ဝက်ပုတ်ကျေးရွာမှ စစ်သားနှင့်ပျူစောထီး ၈ ဦး စီးနင်းလာသော ဆိုင်ကယ်လေးစီးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) နှင့် ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တို့က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားခဲ့ပြီး ကာဘိုင်သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကာဘိုင်ကျည် ၂၂တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“ဝက်ပုတ်ရွာဆိုတာ ပျူစောထီးရွာ။ မြိုင်တောင်ပိုင်းမှာ နာမည်ကြီး ပျူရွာပေါ့။ အရမ်းမိုက်ရိုင်းတယ် အဲဒီက ပျူစောထီးတွေက။ ဆန်အိတ် ၅ အိတ်ကျော်ရင် သူတို့ သိမ်းတယ်။ ပွန်းတွေမှန်းမသိကြဘဲ ထိုးကျွေးခံနေကြတာ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
