26.3 C
Yangon

မင်းတပ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းများ Blacklist စာရင်းသွင်း၊ CDF- မင်းတပ် ထိန်းချုပ်နယ်မြေထဲမှ နယ်နှင်ဒဏ်ပေးမည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

မင်းတပ်မြို့နယ်တွင်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှ အမည်ပျက်(Blacklist) စာရင်းသွားကြောင်း ကြေညာချက်ကို ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အမည်ပျက်စာရင်းသွင်း ခံထားရသူများ CDF (မင်းတပ်)၏ ထိန်းချုပ်နယ်မြေထဲ လာခွင့်မရှိဘဲ နယ်နှင်ဒဏ်ပေးခြင်း၊ တရားစီရင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း CDF (မင်းတပ်) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟွာအွမ်းက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“NUG ကလည်း Non-CDM တွေနဲ့ ပတ်သက်တဲ့ တရားဝင်ဥပဒေကို အတည်ပြုဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ အရေးတော်ပုံပြီးသွားရင်တော့ NUG ရဲ့ တရားစီရင်မှုအပိုင်းပေါ့နော်။ ကျွန်တော်တို့ အပိုင်းကတော့ Blacklist လုပ်မယ်။ Blacklist လုပ်ထားတဲ့ လူတွေက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ လာခွင့် မရှိဘူး။ သာရေး နာရေးက အစ နယ်နှင်ဒဏ်ပေးတာပေါ့။ Blacklist ပါသွားရင် ကျွန်တော်တို့ အနေနဲ့ သူတို့ကို ဖမ်းဆီးမယ်။ ဖမ်းဆီးမယ်ဆိုတဲ့အခါမှာ သူတို့ကို Chance တော့ ပေးထားတယ်။ Blacklist လုပ်ပြီး ပြန်ဝင်လာရင်တော့ ကျွန်တော်တို့မှာ ဥပဒေဌာနရှိတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သူတို့ပြန်ဝင်လာရင် ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ ဝင်လာရင် ဥပဒေအတိုင်းအရေးယူသွားမယ့် အပိုင်းရှိတာပေါ့။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ မပါတဲ့ လူတွေကျတော့ အဲလူတွေကတော့ ပြည်နှင်ဒဏ်တစ်ခါထဲပေးမယ် ။ အဲလူတွေက ဘယ်လိုမှ ဝင်လာလို့ မရဘူး။ ဝင်လာရင် ကျွန်တော်တို့ဘက်က ဥပဒေအရ အရေးယူသွားမယ်” ဟု ၎င်းက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အားလုံးကို သေချာစိစစ်၍ အမည်ပျက်စာရင်းသွင်းကြေညာသွားမည်ဖြစ်ပြီး တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် တော်လှန်ရေးတွင် မပါဝင်ခဲ့သူများကို တစ်ပြေးညီ ဆက်ဆံသွားမည်မဟုတ်ကြောင်းလည်း CDF (မင်းတပ်) ထံမှ သိရှိရသည်။

“တော်လှန်ရေးမှာ ပါဝင်ပတ်သက်တဲ့ လူနဲ့ ပါဝင်မပတ်သက်တဲ့ လူတွေကို ကျွန်တော်တို့က ဘယ်တော့မှ အရေးတော်ပုံပြီးသွားခဲ့ရင်လည်း NUG ရဲ့ ဥပဒေအတိုင်းလည်း သွားမယ်။ ကျွန်တော်တို့ဘက်ကလည်း ရှိမယ်။ ကျွန်တော်တို့က တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူနဲ့ မပါဝင်ခဲ့တဲ့ လူကို ဘယ်တော့မှ တစ်ပြေးညီ မဆက်ဆံနိုင်ဘူး။ ကျွန်တော်တို့က မှားယွင်းမှုတွေ ရှိမှာဆိုးလို့ ဖြည်းဖြည်းချင်းလုပ်နေတာပါ။ ဌာနဆိုင်ရာ အကုန်လုံးပါတယ်။ ဥပဒေအရ NUG က ဥပဒေထွက်လာရင်လည်း အဲဒီအတိုင်းအရေးယူမယ် ၊ အရေးတော်ပုံပြီးသွားရင်လည်း ကျွန်တော်တို့ မြို့နယ်အနေနဲ့ ကျွန်တော်တို့ လုပ်မယ့်ဟာတွေ အများကြီးရှိတယ်” ဟု ဆလိုင်းဟာအွန်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article