ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင် ဘာ လ ၁၆ ရက်နေ့ အထိဖြစ်ပွားသော ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကသာမြို့နယ်၊ကသာမြို့ အ ထက် ဘက် မိုးတားတိုက်နယ် အတွင်း ဒေသကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်များအကြား ၅ ကြိမ်ထက်မနည်း ၅ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် မိုးတားလေးမှ ကသာမြို့သို့ အပြန် စစ်ကြောင်းထိုးလာခဲ့ရာ မိုင်းကွင်းများကို ရှောင်ကွင်း၍ မြစ်ကမ်းပါးယံများအတိုင်း လျှောက်လှမ်း ချီတက်ကြသော်လည်း ကမ်းပါးပြိုကျ၍ စစ်သား ၁ ဦး ရေနစ်သေဆုံးကြောင်း သိရှိရသည်။
၅ ရက်တာ ကသာမြို့ အနောက်ဘက်ကမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်တွင် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁ ၊ ခမရ ၂ ၊ ခမရ ၈ ၊ ခမရ ၁၀၂ တပ်ရင်းများက မြွေသုံးကောင်ဘုရားအနီးမှာ ကျူးကျော်ကာထိုးစစ်ဆင်လာ၍ KNLA တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း ၊စက်တင်ဘာလ (၁၅) ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရှိရသည်။
ဓာတ်ပုံ-ကသာတွင် သေဆုံးပြီး ရေထဲပေါ်လောပေါ်နေသော စစ်ကောင်စီတပ်သားတစ်ဦး၏ အလောင်း။