27 C
Yangon

တန့်ဆည်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF တို့ ယနေ့နံနက်၆နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အင်အား၆၀ခန့်ရှိသော တပ်မ(၃၃) စစ်ကောင်စီတပ်ကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်PDFထံမှ သိရသည်။

တိုက်ပွဲအပြီးတွင် အုတ်ဖိုအိုင်ရွာဘက်သို့ ဆက်လက်ချီတက်လာသော စစ်ကောင်စီတပ်သည် ရွာအဝင်တွင် တိုက်မိုင်းမိပြီး ၃ဦး ထပ်မံသေဆုံးခဲ့ကြောင်း PDFရဲ‌ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“အုတ်ဖိုအိုင်ရွာနားမှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်ခွေးအကျများတယ်၊ ရွာအဝင်မှာလည်း တိုက်မိုင်းမိတယ်၊ အနည်းဆုံး ၈ကောင်ပဲ၊ အထိနာတော့ ရွာကို မီးရှို့နေတာ၊ ရွာသားအချို့လည်း ပိတ်မိနေတယ်လို့ ကြားတယ်၊ အခြေအနေအသေး စိတ်တော့ မသိရသေးဘူး”ဟု တန့်ဆည် PDF ရဲဘော် က ပြောသည်။

အထိနာနေသော စစ်ကောင်စီတပ်က အုတ်ဖိုအိုင်ရွာကို ဝင်ရောက်တပ်စွဲ၍ မီးရှို့ဖျက်ဆီးနေပြီး ရွာထဲမှ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article