ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ပြည်သူကို အနိုင်ကျင့်နေတဲ့ ဝက်ပုတ် ကျေးရွာ မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၈ ဦးကို PDF တပ်ဖွဲ့တွေက တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ရေဦးခရိုင်မှာရှိတဲ့ စစ်ကောင်စီဘက်က ၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနိုင်ဟာ စက်တင် ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက သေနတ်ဒဏ်ရာ နဲ့ သေဆုံးမှုဟာ မိမိကိုယ်ကို သတ်သေခြင်းမဟုတ်ဘဲ ပစ်သတ် ခံရတာဖြစ်တယ်လို့ ရဲအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုထားပါတယ်။ -စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးပြီး အင်ကြင်းစုရွာက ဆရာတော် အရှင်သုစိတ္တ နဲ့ ပြည်သူတွေကိုပါ ဖမ်းဆီး သွားတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။