ရန်ကုန်၊ စက်တင်ဘာ ၁၇
မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုတိုက်နယ်ရှိ ဒေသခံ ပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ/ဆရာမများမှ ဦးဆောင်ကာ အင်အား တစ်ထောင်ကျော်ခန့်ဖြင့် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် NUG အစိုးရနှင့် ဦးကျော်မိုးထွန်းကို ထောက် ခံကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
အဆိုပါ ဆန္ဒပြပွဲ လုံခြုံရေးအတွက် တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်ပကဖ၊ တိုက်နယ်ပလဖနှင့် ကျောက်ထု PDF(YRPA) တို့မှလိုက်ပါဝန်းရံခဲ့ပြီး “ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ”၊ “အာဏာရှင်ကို ငြင်းဆန်ပါ”၊ “Accept NUG and Our Ambassador, Reject Dictator” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။