32 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ရခိုင့်တပ်တော် AA ရဲ့ ဒုတိယ-စစ်ဦးစီးချုပ် ဒေါက်တာ- ညိုထွန်းအောင်က လက်ရှိအချိန်ဟာ အဆုံး သတ်နဲ့ အဆုံးအဖြတ် ပေးမယ့် တိုက်ပွဲအချိန်ကို ရောက်နေပြီဖြစ်တယ်လို့ သူရဲ့ လူမှု ကွန်ရက်စာ မျက်နှာကနေ တစ်ဆင့်ပြောဆိုလာပါတယ်။ – ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ အထူးစုံစမ်း- စစ်ဆေးရေးဦးစီးဌာနက ဝန်ထမ်း ဟောင်းဖြစ်သူ လှိုင်မြို့နယ် ၁၃ ရပ်ကွက် ရာအိမ်မှူးအောင်စိုးဟာ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ ပစ်ခတ်ခံရပြီး သေသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ -တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြင်ကြီးရွာမှာ ပျူစောထီးအဖွဲ့ဝင်ဇော်ဦးဆိုသူဟာ သူ့ရဲ့ နေအိမ်မှာပဲ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ရှင်းလင်း ခံရပြီး သေသွား တယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု- ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အယောင် ဆောင်ပြီးတော့ လမ်းသွားလမ်းလာတွေကို ခြိမ်းခြောက်ငွေညှစ်နေတဲ့ ပျူစောထီးအဖွဲ့ကို စက်တင် ဘာလ ၁၆ ရက်နေ့က PDF – South Monywa အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျူစောထီး ၇ ဦး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article