25 C
Yangon

မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP တို့နှင့် UWSA တွေ့ဆုံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

NCA စာချုပ်ကို လက်မှတ် မထိုးရသေးသည့်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် AA ၊ MNDAA ၊ NDAA ၊ SSPP /SSAA အဖွဲ့များနှင့် UWSA က တွေ့ဆုံခဲ့ကြောင်း ကိုးကန့် MNDAA သတင်းဌာန The Kokang က သတင်းဖော်ပြသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက “ဝ” ပြည်နယ်သို့ လာရောက်ပြီး UWSA နှင့်တွေ့ဆုံခဲ့ကြောင်း ၊ မိုင်းလား အထူးဒေသ(၄) NDAA နှင့် ရှမ်းပြည်တပ်မတော် SSPP / SSAA တို့ လာရောက် ဆွေးနွေးကြကြောင်း၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အဖွဲ့ “ဝ” ပြည်နယ်သို့ လာရောက်ကြောင်း၊ ရက္ခိုင့်တပ်မတော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က “ဝ” ပြည်နယ်လာရောက်ပြီး UWSA နှင့် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းများ ဖော်ပြထားသည်။

တွေ့ဆုံကြသည့် အကြောင်းအရာနှင့် တွေ့ဆုံ ဆွေးနွေးမှု အသေးစိတ်များကို တိုင်းရင်းသားလက်နက်ကိုင်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။ ရန်ကုန်ခေတ်သစ်က UWSA မှ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

FPNCC အဖွဲ့တွင် ၀” တပ်ဖွဲ့ UWSP/UWSA ၊ မိုင်းလား NDAA ၊ ရှမ်းတပ်ဖွဲ့ SSPP/SSAA ၊ ကိုးကန့်MNDAA ၊ ကချင်KIO ၊ တအာင်းTNLA နှင့် ရခိုင်AA တို့ကဲ့သို့ အင်အားကြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ စုစည်းပါဝင်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article