ရန်ကုန်၊ စက်တင်ဘာ ၁၇
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြိုဆိုရေးနှင့် NUG ကို အသိအမှတ်ပြုရေး ပြည်သူများက ယနေ့ ချီတက် သပိတ်မှောက်ကြသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်တွင်း၌ ယနေ့ စက် တင်ဘာ လ ၁၇ ရက်နေ့တွင် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ နှင့် မြို့နယ်ပြည်သူ့လုံခြုံရေး
(ပလဖ) အဖွဲ့ တို့မှ ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက် ခံကြောင်း နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း အား ဆက်လက်ထားရှိရန် ဒုတိယအကြိမ် လူထုဆန္ဒထုတ်ဖော်ပွဲ ကို ပထမအကြိမ်နှင့် မတူညီသော ကျေးရွာအုပ်စုတွင် ချီတက် ကြသည်။
လူထုဆန္ဒထုတ်ဖော်ပွဲတွင် ” ပြည်သူ့အစိုးရ နှင့် ပြည်သူ့သံအမတ်ကြီးကို လက်ခံပါ ၊ အာဏာရှင်ကို ငြင်းဆန်ပါ ” ၊ ” UN သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ထောက်ခံကြိုဆိုပါသည် ” ၊ ” U Kyaw Moe Tun IS OUR AMBASSADOR ” ၊ ” ACCEPT NUG AND OUR AMBASSADOR ” စာ တန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူဦးရေ ၁၂၃၅ ဦး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး PEOPLE’S DEFENCE FORCE-HTILIN (YRPA) ရဲဘော်/ရဲမေ များ မှ မြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့၊ မြို့နယ်ပြည်သူ့ကာ ကွယ်ရေး (ပကဖ)အဖွဲ့ တို့နှင့်အတူ လုံခြုံရေးဖြင့် အင်အား ဖြည့် ပူးပေါင်းပါဝင်ကြသည်။