ရန်ကုန်၊ စက်တင်ဘာ ၁၈
ဆွီဒင်တွင် ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး နှင့် စစ်အာဏာရှင် ဖြုတ်ချရေး စက်တင်ဘာလ ၁၇ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။
“UN, Prove Your Existence for Justice” ( ကုလသမဂ္ဂ၊ တရားမျှတမှုအတွက် သင်၏တည်ရှိမှုကို သက်သေပြပါ ) ဆိုသည့် စာသားများကိုကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒပြပွဲသို့ ဆွီဒင်နိုင်ငံတစ်ဝှမ်းမှ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ လာရောက်ခဲ့ကြပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ဝန်ကြီး၏ ဇနီးလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။