26 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ မင်းကင်းတွင် စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာကို မီးရှို့နေသော စစ်ခွေးများကို တန့်ဆည်PDF တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)၊ KPK၊ PLAနှင့် ပကဖရဲဘော်များက ယနေ့နံနက်၁၁နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ရေဦးကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော တပ်မ(၃၃)စစ်ခွေးများကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က ယနေ့နေ့လယ် ၁၂နာရီ၂၀မိနစ်တွင် စောင့်ကြိုတိုက်ခိုက်ရာ ၁၀မိနစ်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး ‌စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များသည် ရေဦးကုန်းရွာမှ သာယာကုန်းရွာဘက်သို့ ထွက်ခွာလာရာ တန့်ဆည်PDF တပ်ရင်း(၆) ရဲဘော်များက ညနေ၅နာရီခွဲအချိန်တွင် ၁၀မိနစ်ခန့် ပျောက်ကြားတိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြား သေဆုံးနိုင်ကြောင်း ၊ တိုက်ပွဲအပြီးတွင် ဒဏ်ရာရစစ်သားများကို ဒေသခံပြည်သူတို့၏ လှည်း၂စီး‌ပေါ်တင်၍ သယ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်များ ချေမှုန်း သုတ်သင်ခြင်းသည် အုတ်ဖိုအိုင်ရွာတွင် စစ်အာဏာရှင်ကိုတော်လှန်ရင်း အသက်ပေးဆပ်သွားခဲ့ကြသော ပြည်သူ့ရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်ခြင်း ဖြစ်ကြောင်း တန့်ဆည် PDF က ဆိုသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁နာရီအချိန် မင်းကင်းမြို့နယ် တောင်လက်ဒေသ အရှေ့ကူလဲတွင်တပ်စွဲထားသော စစ်တပ်နှင့်ပျူစောထီးများကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ မဟာ မိတ်အဖွဲ့များဖြစ်သော ရွှေတြိဂံတပ်ရင်း၊ ဒေသခံပကဖအဖွဲ့ဖြစ်သည့် တိမ်လွှာဒေါင်းမင်းတပ်ဖွဲ့များထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article