28 C
Yangon

အမေရိကန်၊ နယူးယောက်မြို့ရှိ UN သံရုံးရှေ့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်ထားရှိရေးအတွက် မြန်မာတိုင်း ရင်းသား ထောင်ချီ ချီတက်ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ Flatiron Plaza (East 23rd St. & 5th Ave) တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိရေးအတွက် UN CREDENTIALS CAMPAIGN ထောက်ခံ​ရေး ဆန္ဒဖေါ်ထုတ်ပွဲအခမ်းနားကို ယ​နေ့ ကျင်းပသည်။

ယင်းချီတက်ပွဲကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG Washington DC မှ ချင်းတိုင်းရင်းသားကိုယ်စားလှယ် ကိုDong Khup မြန်မာ အမေရိကန်ဖိုရမ်မှ ကိုမျိုးရန်နောင်သိန်း၊ Generation Y Washington DC မှ မမီးမီးဘာဝယ်လ် တို့ က အမှာစကားပြောကြားခြင်း တာဝန်ရှိသူတို့မှ UN CREDENTIALS CAMPAIGN အကြောင်းရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော အဖွဲ့အစည်း အသီးသီးရှိကိုယ်စားလှယ်တို့မှ တော်လှန်ရေးနှင့်ဆိုင်သော သဘော ထားရပ်တည်ချက်တင်ပြဆွေးနွေးခြင်း တို့ကိုပြုလုပ်ကြသည်။

ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာက ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်ကူညီ ပေးကြရန်ကိုလည်း၊ တောင်းဆိုကြသည်။

Flatiron Plaza (East 23rd St. & 5th Ave) မှUN ရုံးချုပ်ရှေ့အထိ ၂မိုင်ခန့်ခရီးကို နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံက ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ကြသည်။

UN ရုံးချုပ်အနီးသို့ရောက်ရှိလာသော ဆန္ဒပြစစ်ကြောင်းမှ မြန်မာတိုင်းရင်းသားပြည်သူများကို နယူးယောက်ဒေသခံ အလှုရှင်များမှ နေ့လည်စာများဖြင့်ဧည့်ခံကျွေးမွေးဝေငှခဲ့ပေးကြသည်။

ဒုတိယပိုင်းအခမ်းနားကို ဆက်လက်ကျင်းပခဲ့ရာ ကယ်လီဖိုးနီးယားပြည်နယ်မှတက်ရောက်လာသော ဦးကိုကိုလေးက UN CREDENTIALS CAMPAIGN အကြောင်းထပ်မံရှင်းပြခြင်း ရိုဟင်ဂျာကိုယ်စားလှယ် Abdul Rasheed အင်ဒီယားနားပြည်နယ် Fort Wayne မြို့ မြန်မာ Community မှ ကိုကောင်းရှိန်တို့မှ အမှတ်တရစကားပြောကြားခဲ့ကြသည်။

ယခုအခမ်းနားနှင့်ချီတက်ပွဲကို နယူးယောက်မြို့ရှိ NYCBCအဖွဲ့က ဦးဆောင်ကာ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ ထောင်နှင့်ချီတက်ရောက်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article