ရန်ကုန်၊ စက်တင်ဘာ ၁၈
မြင်းမူမြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် နှင့် အထက ခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြင်းမူမြို့နယ် လူထု သပိတ် စစ်ကြောင်းတို့ ပူးပေါင်းကာ ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ်အဖြစ် “အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ ” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။