29 C
Yangon

မိုးမိတ်မြို့နယ်တွင် စစ်တပ်နှင့် SSPP ကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဝမ်အုံကျေးရွာမြောက်ဘက်ရှိ ဟွေခမ်းတောင်ကြောတွင် စက်တင်ဘာလ ၁၇ ရက် ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၇ နာရီခန့်တွင် မိုးမိတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၃၄၈ နှင့် ခလရ ၂၇၆ ပူးပေါင်းစစ်ကြောင်း အင်အား ၆၀ ခန့်သည် ယမန်နေ့ နံနက် ၇ နာရီခန့်တွင် ဝမ်အုံကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး SSPP အခြေချလှုပ်ရှားသည့် ဟွေခမ်းတောင်ကြောဘက်သို့ တက်လာပြီး ညနေ ၃ နာရီ ၃၈ မိနစ်မှ ၄ နာရီ ၈ မိနစ်အထိ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် SSPP တပ်ဖွဲ့များကို မိုးမိတ်မြို့နယ်အတွင်းမှ ထွက်ခွာပေးရန် အကြောင်းကြားသော်လည်း SSPP က မထွက်ခွာသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း SSPP က ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် မိုးဘုံကျေးရွာနှင့် ဝမ်အုံကျေးရွာကြား တွင် SSPP နှင့် အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်ကာ စစ်ရေးတင်းမာနေသည်ဟု SSPP က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – SSPP/SSA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article