Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာ့အမျိုးသားလေကြောင်းလိုင်း လို့ခေါ်တဲ့ MNA ဟာ ခေတ်အဆက်ဆက် နာမည်ကောင်း၊ အစဉ်အလာ ကောင်း တွေနဲ့ ၇၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်မှာတော့ စစ်တပ်ရဲ့ အာဏာတည်မြဲရေး ထောက်ပံ့ပေးနေတဲ့ ဒေါက်တိုင်တစ်ခုဖြစ်လာတာကြောင့် သပိတ်မှောက်အမည် ပျက်စာရင်းထည့်သွင်းဖို့ လိုအပ်နေပါတယ်။ – ပြည်သူလူထုအပေါ် ဖိနှိပ်အုပ်ချုပ်ပြီး ရက်စက်ကြမ်းကြတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ စစ်အစိုးရရဲ့ ၊ စစ်လက်နက် တင်သွင်းမှုတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ပိုပြီး အင်တိုက်အားတိုက် ဖိအားပေးစေလိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ – ကရင်နီ ပြည်နယ်မှာစက်တင်ဘာလ ဒုတိယအပတ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်မှ ၈၅ဦး ထက်မနည်း သေဆုံးခဲ့တဲ့သတင်းအပါအဝင် စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။