ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်အကြားတွင် ဧရာ၀တီမြစ်ကြောင်းအတိုင်း ခုတ်မောင်းလာသော စစ်ကောင်စီသင်္ဘော ၆ စီးကို PDF တပ်ဖွဲ့ ၃ ခုက တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးကြောင်း သေမင်းတမန် မြေ အောက်ပျောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ဦးအောင်သက်စိုးခိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ သိရှိရသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီ စစ် သင်္ဘော ၆ စီးကို သေမင်းတမန်မြေအောက်ပျောက်ကြားတပ်ဖွဲ့က ဦး ဆောင်ပြီး မဟာမိတ် ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေ ဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း ဦးအောင်သက်စိုးခိုင်က ပြောဆိုသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရဲချင်းကျေးရွာအနီးတွင် ခြေလျှင်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုများက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူများပြားကြောင်း၊ အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်စခန်းမှ စစ်ကောင် စီတပ်ဖွဲ့များသည် အင်အား ၄၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထွက်ကာ ကြာ ပင်လှ၊ ကုန်းသာ၊ ဝက်ပြစ်ကျေးရွာများကို ဖြတ်၍ ရဲချင်းကျေးရွာအနီးသို့ ရောက်ရှိလာစဉ် အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုများက ခြုံခိုတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အထိနာသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က အရာတော်ပို့စ်က သတင်းဖော်ပြသည်။
ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်၊ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ မြို့နယ်မှုးရုံးထဲတွင် ပျူသင်တန်းဆင်းပွဲ ကျင်းပနေသဖြင့် FUTURE HERO၊ လျှပ်စီးမိုးကြိုး၊ ARFနှင့်LPDF များက ဒရုန်း ၂စီးဖြင့်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီးများဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ခင်ဦးဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆုသိည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ KLG PDF များ။
