29 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲများတွင် စစ်တပ်မှ အရာရှိများအပါအဝင် ၅၀ ကျော် သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၅၁ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

၁၅ ရက်အတွင်း အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲပေါင်း ၆၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၂ ဦး၊ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၅၁ ဦးသေဆုံးသလို တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၂ ဦးအပါအဝင် ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မဟာ ၅ ဘက်မှ ရဲဘော် ၁ ဦးကျဆုံး၊ ၁၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မဟာ ၅ က တရားဝင်ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ကြောင်း၊ ဘူးသိုမြို့နယ် တလာအောခို့ရွာသား စောဖိုးငိုကို BGF များက ပစ်သတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် အများပြည်သူနေထိုင်ရာ ကျေးရွာ၊ လယ်ယာလုပ်ကွက်များအတွင်းသို့ လက်နက်ကြီးများ ၃၂ လုံး ပစ်ခတ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က စာရင်းပြုစုထုတ်ပြန်သည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article