ရန်ကုန်၊ စက်တင်ဘာ ၁၉
သံအမတ် ဦးကျော်မိုးထွန်းကို ကမ္ဘာ့ကုလသမဂ္ဂတွင် ဆက်လက်ခန့်ထားရေးနှင့် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ ၂,၀၀၀ ဝန်းကျင်ခန့်သည် စက်တင်ဘာလ ၁၉ ရက်ယနေ့ နံနက် ၈ နာရီခွဲတွင် ဆန္ဒပြကြသည်။
ဆန္ဒပြသူများကို The Youth Force (Saw & Kyaukhtu) တပ်ဖွဲ့က ဝန်းရံလုံခြုံရေးယူခဲ့ပြီး ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် ဆော ပကဖ အဖွဲ့များက လိုအပ်သည်များ ကူညီခဲ့ကြောင်း သိရှိရသည်။