24.8 C
Yangon

ဘုတလင်မြို့နယ်ရှိ အောင်သာရွာတွင် ဘုန်းကြီးကျောင်းမှစ၍ ရွာလုံးကျွတ်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး လူငယ် ၂ ဦးကို ဖမ်းဆီးသွား၊ PDF ကို ဆဲဆိုသော စာများ ရေးသားခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း​၊ ဘုတလင်မြို့နယ်၊ အောင်သာရွာကို အကြမ်းဖက်စစ်တပ်က စက် တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင်ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်း ကြီးကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

” ၁၈ ရက်နေ့ မနက် ၆နာရီခန့် လက်နက်ကြီးဖြင့် ပစ်ခတ်ပီး ရွာထဲဝင်စီးခဲ့တယ်။ တိုက်ပွဲမဖြစ်ပါဘူး။ ဘလိုင်းဝင်လာပြီး ပစ်ခတ်မီးရှို့ခဲ့တာပါ။ မနေ့ ည နေ ၅နာရီခွဲလောက်က စပြီး ရွာလုံးကျွတ်ကို ဘုန်းကြီးပါမချန် မီးတင်ရှို့တာပါ။ လူငယ် ၂ ဦး အဖမ်းခံရပါတယ်။ ယာခင်းသွားကြည့်တဲ့ လူငယ် ၂ ဦးပါ။ PDF အဖွဲ့က မဟုတ်ပါဘူး။ အခုထိ ပျောက်ဆုံးနေပါတယ်၊ အလောင်းလည်းပြန်မတွေ့သေးပါဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အောင်သာကျေးရွင် အိမ်ခြေ ၁၄၀ နီးပါးရှိကြောင်း၊ စစ်တပ်က ရွာကို မီးရှို့ရာ တွင် ဝါးလုံးတွင် စောင်များပတ်ပြီး ဓာတ်ဆီလောင်းကာ တစ်ရွာလုံး မီးပတ်ရှို့သွားခြင်း ဖြစ်ကြောင်း၊ ရွာထဲရှိ စျေးဆိုင်များအားလုံးကိုလည်း ဖောက်ထွင်း စားသောက်ပြီးမှ မီးပတ်ရှို့သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က ရွာထဲတွင် PDF များကို ဆဲဆိုသော စာများကိုလည်း နေရာအနှံ့ရေးသားခဲ့ပြီး စစ်တပ် ဖမ်းဆီးမှု ခံလိုက်ရသော လူငယ်နှစ်ဦးမှာလည်း လက်ရှိ အချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်းဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article