ရန်ကုန်၊ စက်တင်ဘာ ၁၉
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် “အပြစ်မဲ့တဲ့ကလေးတွေရဲ့ စာသင်ကျောင်းဟာ မင်းတို့စစ်အုပ်စုရဲ့ ရန်သူသဖွယ် စစ်မြေပြင်တဲ့လား လူယုတ်မာ မင်းအောင်လှိုင်။ မင်းတို့အုပ်စု မကြာမှီဝဋ်လည်ပါစေ” စာတန်းများ ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။