ရန်ကုန်၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ မစိန်စံပြကျေးရွာ ရဲကင်း ယမန်နေ့ နံနက်ပိုင်း စီးနင်းခံရမှုတွင် သေဆုံးသူ ရဲအရေအတွက် ၉ ဦးအထိရှိလာပြီး ကျန်ရစ်သူ မိ သားစုများအတွက် မိသားစုတစ်စုလျှင် ငွေကျပ် ၃ သောင်း စစ်ကောင်စီက နစ် နာကြေး ထောက် ပံ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၊ မစိန်စံပြရဲကင်းစီးနင်းခံရမှုတွင် သေ ဆုံးသွားသူ ရဲ ၉ ဦး၏ မိသားစုဝင်များကို စစ်ကောင်စီတပ်ဘက်မှ ကလေးခရိုင် ယာယီရဲမှူးကြီး ကြည်ဝင်းက လာရောက် အားပေးပြီး မိသားစု တစ်စုလျှင် အသက်စွန့် နစ်နာကြေး၊ ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃ သောင်းဆီ ပေး အပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မစိန်စံပြကျေးရွာ ရဲကင်း စီးနင်းခံရမှုတွင် ရဲတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါ်မြို့မေဆိုသည့် အမျိုးသမီးကြီးတစ်ဦး ကျည်ထိ သေဆုံးသွားကြောင်း သိရှိရသည်။
“မနက် ၇ နာရီလောက်မှာ အဲဒီအမျိုးသမီးကြီး ကျည်ထိတယ်။ ဒေါ်မြို့မေကို ကလေး၀ဆေးရုံချက်ချင်းတင်ပေမယ့် ဆုံးပါးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ မစိန်စံပြကျေးရွာရှိ ရဲကင်းစခန်းကို စက်တင် ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စခန်းကိုပါ မီးရှို့ဖျက်ဆီးသွားပြီး လက် နက်များ ယူဆောင်သွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။