28 C
Yangon

သပိတ်ကျင်းရှိ မီးလင်းရွှေလုပ်ကွက် လုံခြုံရေးလာယူသော စစ်ကားကို PDF က တိုက်ခိုက်ပြီး ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံ ဗိုလ်တစ်ဦးနှင့် ယာဉ်မောင်းစစ်သား သေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ မီးလင်းရွှေလုပ်ကွက် လုံခြုံရေးလာယူသော စစ်ကားကို PDF က တိုက်ခိုက်ရာ ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံ ဗိုလ်တစ်ဦးနှင့် ယာဉ်မောင်းစစ်သား သေဆုံးသွားကြောင်း သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ ပြင်ဉီးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအရှေ့ဘက် မီးလမ်းရွှေလုပ် ကွက်အနီးတွင် ရွှေစုစုသန်း ကုမ္ပဏီမှ စွန့်ပစ်ထားသော ပစ်စာများအား ရွာ သူရွာသားများက ကျုံးယူနေမှုကို ကုမ္ပဏီက ငွေပေး၍ ခြိမ်းခြောက် မောင်းထုတ်ရန် ခေါ်ထားသော တန်းမြင့်လေ့ကျင့်ရေး ( ၁၃ တပ် ) မှ စစ် ကြောင်း မှူး ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယဥ်မောင်းစစ်သားတစ်ဦးတို့လိုက်ပါလာသောကားကို သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်ကာကွယ်ရေးတပ်ဖွဲ့ကအနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ကားရောလူပါ ဇကာပေါက်ဖြစ်၍ ၃ ဦးလုံး သေဆုံးသွားကြောင်း သိရှိရသည်။

MA-3 ​သေနတ် ၂ လက်၊MA- 1 သေနတ်တစ်လက်၊ 5.56 ကျည် (၄၁၃ တောင့်)၊ 9 မမ ကျည် (၁၃ တောင့်)၊ အီနာဂါဗုံးသီး (၈ လုံး)နှင့် 5.56 ကျည်ဘောက်(၂ ခု) တို့အားသိမ်းဆည်းရမိခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုကြောင့် MA-3 သေ နတ်တစ်လက်နှင့် MA-1 တစ်လက်မှာ ကျည်ဆံထိမှန်၍ ချို့ယွင်းသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇:၃၀ ခန့်တွင် စဥ့်ကူးမြို့နယ်မှ ဖောကားနှစ်စီးဖြင့် စစ်ကြောင်းထိုးရန် တက်လာသော စစ်ကြောင်းကို ထောက်ကြံ့ကျေးရွာနှင့် ကျွဲဘုံးကျေးရွာကြားတွင်း ပဒေသာမိုင်းဆယ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article