29.2 C
Yangon

တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် မြိုင်မြို့နယ်၊ စိုင်းဂေါင်ကျေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ရန်လင်းဖိုင်ကျေးရွာနှင့် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စိုင်းဂေါင်ကျေးရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကောင်စီတပ်သည် တမူးခရိုင်၊ ရန်လင်းဖိုင်ကျေးရွာသို့အရောက်တွင်၊လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ပြီး နေအိမ်အချို့ကို မီးရှို့သွားကြောင်း၊ နေအိမ် ၅လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ် ကြောင်း‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

“ရန်လင်းဖိုင်ရွာကို မီးရှို့တာ ၂ ကြိမ် ရှိပါပြီ။ ဒီမနက်လည်း ထပ်ရှို့တယ်။ တိုက်ပွဲမဖြစ်ဘဲ လာရှို့တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က ရန်လင်းဖိုင်ကျေးရွာမှ ၄ အိမ်၊ ခွန်မွန်းနွန်ကျေးရွာ၂အိမ်၊ နန်မွန်းတားကျေးရွာ၄အိမ် စုစုပေါင်း နေအိမ် ၁၀ လုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့တွင် မကွေးတိုင်း မြိုင်မြို့နယ် စိုင်ဂေါင်းရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း ၊ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ကျေးရွာကို မြောက်ဘက်ခြမ်းမှစတင်ကို စစ်ကောင်စီတပ်က အဓိက ထား မီးရှို့ခဲ့ကြောင်း ၊ အိမ်ခြေများ မီးလောင်ကျွမ်းခဲ့သော်လည်း အတိအကျ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

“ရွာကလေ အိမ်ခြေ ၃၀၀ လောက်ရှိ မြောက်ဘက်ခြမ်းကို အဓိကထားရှို့တာ။ မီးရှို့‌တာမှာ ‌ရွာတောင်ဘက်ပိုင်းကရွာခံပျူတွေပါတယ်လို့သိရပါတယ်။ စစ်ကြောင်းက စစ်ခွေး ပျူ အင်အား ၁၅၀ ခန့်လောက်ရှိတယ်။ မနေ့ညကတည်းက စိုင်ဂေါင်းရွာရဲ့တောင်ဘက်ရွာ တပ်စွဲထားပြီး ဒီနေ့မနက် လာရှို့တာ။ တရွာလုံးကိုရှို့နေခဲ့တာ။
စိုင်ဂေါင်းရွာအနီးနားက ရွာတွေရော ရှို့မယ်လို့ ကြားတယ်။ ရွာမြောက်ခြမ်းဘက်ကစရှို့နေတာပါ”ဟု ဒေသခံတစ်ဦးကဆိုသည်။

တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် မြိုုင်မြို့နယ်၊ စိုင်းဂေါကျေးရွာတို့ကို မီးရှို့ခဲ့သော စစ်တပ်များကို ပြည်သူ့ကာ ကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခြင်းအပါအဝင် ပစ်ခတ်တိုက်ခိုက် မှုများလုပ်ဆောင်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article