ရန်ကုန်၊ စက်တင်ဘာ ၁၉
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်ခန့်ထားရှိရေး၊ NUG အစိုးရကို နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုပေးရေး၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းကျေးရွာ စာသင်နေမှ ကလေးငယ်များကို အကြမ်းဖက် စစ်တပ်မှလေကြောင်းဖြင့် တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းနှင့် အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။