ရန်ကုန်၊ စက်တင်ဘာ ၁၉
ရန်ကုန်တွင် soloမုန်တိုင်း၊ Falcon revolutionaries Team(FRT)၊ ဂဠုန်နီ ပြည်သူအကျိုးပြု လူငယ်အဖွဲ့စည်း(RGY)တို့မှ တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် “ဒီတော်လှန်ရေးမအောင်လျှင် ငါတို့လဲ ရှင်သန်စရာ ဘဝပင် မရှိနိုင်” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ဒီပွဲဟာမြန်မာပြည်သူလူထုနဲ့မြန်မာ့လူငယ်တွေရဲ့
နောက်ဆုံးပွဲဖြစ်တယ်။ တော်လှန်ရေးကာလမှာ ကျုပ်တို့လူငယ်တွေ သွေး ချွေး မျက်ရည်တွေ ရင်းထားခဲ့ပြီဖြစ်တယ်။ အဲအတွက်ကြောင့် ဒီပွဲမနိုင်ရင် ကျုပ်တို့လည်း အသက်ရှင် နိုင်မာမဟုတ်တော့” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် လူငယ် တစ်ဦးကပြောဆိုသည်။