29.2 C
Yangon

တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ် သား ၅ ဦးသေဆုံး၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်ကို ယနေ့ည နေ ပိုင်းတွင် PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ် သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာ၁၉ ရက်နေ့ ညနေ ၃ နာရီ ၅၀မိနစ်တွင် စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့ပေါ် ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တန့်ဆည် PDF တပ်ရင်း ၆ နှင့် မြို့နယ်ပကဖ ပူး ပေါင်း တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရှိခဲ့ကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်အား၄၀ခန့်ရှိသော စစ်ကောင်စီတပ်ကို PDFပူးပေါင်းတပ်စိတ်က လက် နက် ကြီး ၃ကြိမ်ပစ်၍ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ စက်တင်ဘာလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရေဦး-ခင်ဦး-ရွှေဘို လမ်းတွင် ရေဦးမှလာသော စစ်ကြောင်းကို မူးတိမ်ချောင်းတံတားနှင့်သာဂရကျေးရွာအကြားတွင် ၈ ကြိမ်၊ ဂွေးကုန်းကျေးရွာနှင့် သာဂရကျေးရွာအကြား ၃ ကြိမ် ဂွေးကုန်းကျေးရွာနှင့် ကံသစ်တံတား အကြား ၅ ကြိမ် အသီးသီး နင်းမိုင်း တိုက်မိုင်း ဆွဲမိုင်းများဖြင့် တိုက် ခိုက်ခြင်း၊ ဒုန်းများဖြင့်​ဗုံးသီးများချ ခြင်း ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၂ ဦးသေဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ခင်ဦးဒေသကာ ကွယ်ရေးတပ်များထံမှ သိရှိရသည်။

တိုက်ခိုက်ခံရမှုကြောင် အထိနာသွားသော စစ်ကြောင်း၏ ရမ်းသန်းပစ်ခတ်မှုကြောင့် မောက်ပြည့်ကျေးရွာမှ ပြည်သူအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ ရှိခဲ့ပြီးPDF တပ်ဖွဲ့ဝင် တစ်ဦးလည်း ပျောက်ဆုံးလျက်ရှိကြောင်း ၊ ထပ်မံ၍ ယနေ့ ည ၈နာရီအချိန်ထိ ကြို့ကန်ကျေးရွာအနီးတွင် ဒေသခံကာ ကွယ်ရေးအဖွဲ့များက စစ်ကြောင်းကို မိုင်း ၆ လုံးဆွဲ ပြီး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ရေဦး၊ ခင်ဦး၊ ရွှေဘို ကားလမ်းတစ်လျောက် ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှေ့တန်းပြန် တန့်ဆည်PDF ရဲဘော်များကို ပြည်သူများ ကြိုဆိုနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article