30 C
Yangon

အမေရိကန်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG ၊ NUCC နှင့် CRPH ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကြောင်း သိရှီရသည်။

မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၀ ရက်နေ့ (အမေရိကန်စံတော်ချိန် စက် တင်ဘာလ ၁၉ ရက်နေ့) နယူးယောက်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး NUG ဘက်မှ ဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်သော နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးကောင်စီ ASEANMP က ဆောင်ရွက်ခဲ့သော မြန်မာ့အရေး နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု (IPI) နှင့်ပတ်သက်၍လည်း အစည်းအဝေးကို ဦး ဆောင်ကျင်းပခဲ့ပြီး ASEANMP ဘက်မှ ကိုယ်စားလှယ်များ၊ NUG ၊ NUCC နှင့် CRPHဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article